ဟားခါး-ထန်တလန်အကြား စကစတပ်က တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်

နို၀င်ဘာ ၇၊ ချင်းဂျာနယ် ယနေ့ နို၀င်ဘာ ၇ရက်၊ မွန်းလွဲပိုင်း ၂နာရီခန့်က ဟားခါး-ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စင်းနဲ့ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၀င်များကို ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရပါတယ်။

“ဟားခါးမြို့ကနေတောင် ဗုံးသံတွေ ကျနော်တို့ကြားရတယ်။ အနည်းဆုံး ၃ကြိမ် ဗုံးကြဲသွားတယ်။ တတိယအကြိမ်က ပိုပြင်းထန်တယ်” လို့ ဟားခါးမြို့သစ်ဒေသခံတစ်ဦး ကပြောပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲသွားသောနေရာသည် ဟားခါး-ထန်တလန်အကြား Tenuar တောင်အနီးတစ်ဝိုက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိမရှိ မသိရှိရသေးပေ။

မနေ့ နို၀င်ဘာ ၆ရက်က စစ်ကောင်စီတိုက်လေယာဉ်ယာဉ်တစ်စင်း ဟားခါး-ထန်တလန်အကြား ကောင်ကင်ယံတွင် တစ်ခေါက်ပျံသန်းခဲ့ပြီး ယနေ့တွင် လေယာဉ် ၂စင်းနဲ့ လာရောက်ဗုံးကြဲတိုခိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ လကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့မှုပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် CNAနှင့် CDF ဖက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ သိရပါတယ်။ Crd-chinjournal

Be the first to comment

Leave a Reply

Your email address will not be published.


*