Sagaing Ramthen Katha Peng SAC ralkap le PDF-Katha kahdohnak ah SAC ralkap aa hliam mi pawl an thi than i minung 11 a thi mi an si cang, a thi mi lak ah Palek an tam bik.

Sagaing Ramthen Katha Peng SAC ralkap le PDF-Katha kahdohnak ah SAC ralkap aa hliam mi pawl an thi than i minung 11 a thi mi an si cang, a thi mi lak ah Palek an tam bik.

ကသာတိုက်ပွဲတွင် ဒဏ်ရာရရှိသူများ ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးရှိ ၊ သေဆုံးသူများတွင် ရဲအများဆုံးပါဝင်

ရန်ကုန်၊ ဇွန် ၂ စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် မေလ ၃၀ ရက်နေ့က ကသာPDF နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်များအကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသူများပါ ထပ်မံသေဆုံး၍ သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးရှိလာပြီဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

ကသာတိုက်ပွဲတွင် ကသာPDFမှ ရဲဘော် ၅ ဦးကျဆုံးခဲ့၍အထူးဝမ်းနည်းရပါကြောင်း၊သို့သော်အကြမ်းဖက်စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းတွင်လည်း ၃ ဦး ထပ်မံ သေဆုံးသွားကြောင်း ၊ သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင်များ အများဆုံးပါဝင်ကြောင်း ၊ ကသာမြို့နယ်ကျောက်ထုံးကြီးရဲကင်းမှ စခန်းမှူးနှင့်ရဲတပ်သား ၃ ဦးပါရှိကြောင်း ကသာ PDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီကား ၂ စီးကိုလည်း ဖျက်ဆီးနိုင်ကြောင်း ကသာPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Khitthitmedia

Be the first to comment

Leave a Reply

Your email address will not be published.


*