SAC ralkap le CDF-Mindat kahnak ah SAC ralkap pakhat a thi, Chemical Weapons an hman

Nizaan May 23 Htinchaung khua kahnak ah SAC nih Chemical hriamnaam an hman, anmah SAC ralkap pakhat a thi i 3 an i hliam, tiah Mindat Mizapi Ukhruainak Thawngthanh Phu nih an thanh.

Chemical Weapons ruang ah CDF-Mindat pawl an lei a hit, an hnar lin, an mit mui, an lungmit, an luakchuak tiin an um. Hi hriamnaam hi Mindat-Matupi kar meng 40 hmun kahnak lio zong ah an rak hman.

ထင်ချောင်းကျေးရွာအနီး စကစတပ်နှင့် CDF-Mindat တို့ တိုက်ပွဲဖြစ်၊ စကစတပ်က ဓာတုလက်နက်သုံး၊ စကစတစ်ဦးကျ.မနေ့က (23.5.21) က ထင်ချောင်းကျေးရွာအနီးတွင် စကစတပ်များနှင့် CDF-Mindat တို့ တိုက်ပွဲဖြစ်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စကစဘက်က ပစ်ခတ်သော လက်နက်ကြီးများမှ အငွေ့ဖြူများ​လျင်မြန်စွာ ပြန့်ထွက်လာသည်ကိုတွေ့ရသည်ဟု မျက်မြင်သက်သေများကပြောသည်။ တိုက်ပွဲအတွင်း ယင်းအငွေ့ဖြူထုကို ဖြတ်မိသော CDF-Mindat ရဲဘော်တို့သည် လျှာများထုံအခြင်း၊ နှာခေါင်းများစပ်ခြင်း၊ ခေတ္တမျက်လုံးကန်းခြင်း၊ မူးဝေခြင်း၊ အကြိမ်ကြိမ်အော့အန်ခြင်း စသည့် ဝေဒနာများခံစားခဲ့ရသည်။ ယင်းဓာတုလက်နက်မျိုးကို မင်းတပ်-မတူပီလမ်းကြား မိုင် ၄၀ တိုက်ပွဲတွင်လည်း သုံးခဲ့ဖူးသည်။

ထိုတိုက်ပွဲတွင် CDF-Mindat ရဲဘော်များ ဓာတုလက်နက်များရှုရှိုက်မိ၍ ကျန်းမာရေးထိခိုက်မှုများရှိသော်လည်း စကစ ဘက်မှ တစ်ဦးကျဆုံး၍ ၃ ဦးခန့် ဒဏ်ရာရသည်ဟု သိရသည်။မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး – သတင်းအဖွဲ့

Be the first to comment

Leave a Reply

Your email address will not be published.


*