BreakingNews: Kanpelet Khuapi Chung Ah CDF Le Ralhrang An I Kah

Atangah Kawl in rel khawh si.) Chin ramkulh, Kanpelet khuapi pawng hrawnghrang ah SAC ralhrang phu le CDF Kanpelet ralkap phu kar, tuzing suimilam 7am hrawngah kahdohnak a chuah i, SAC ralhrang phu lei nih hriamnam ngan an kahmi minung umnak inn pawng a tlami an puah caah inn cheukhat a rawk tiah theih a si.

Kanpelet khuami pakhat nih, “Kanmah inn le ka patete inn karlak ah hriamnam ngan kuan a tla caah inn a rawk ngai. Keimah ka itnak khan i thlalang a kuai i ka changtling cung le khiangthong cung a tla caah aa ning. Minung cu kan i hliam hraw lo” tiah a social media ah a tarlangh hi a si.

SAC ralhrang pawl nih kahmi hriamnam ngan kuan 8 cu Kanpelet khuapi chung electric mei zung, Myanmar Economic Bank dum pawng inn hna kar an tla tiah theih a si.

Kanpalet khuapi chung ah kahdohnak a um rih ko tiah zumh a si i, cu kahdohnak kong he pehtlaih in CDF lei nih thawngthanhmi a um rih lo tiah Khit Thit Media nih a tarlangh hi a si. Chinland News Agency – CNA

ကန်ပက်လက်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CDF တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးများ လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကန်ပက်လက် CDF တပ်ဖွဲ့ကြား ယနေ့နံနက် ၇ နာရီခန့်မှ စ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံများသည် မြို့တွင်းရှိ ပြည်သူ့နေအိမ်များအနီးကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သတင်းရရှိသည်။

ကန်ပက်လက်မြို့ခံတစ်ဦးမှ “ကျွန်တော်တို့အိမ်နဲ့ ဦးလေးတို့အိမ်ကြား လက်နက်ကြီးကျလို့ အတော်လေးပျက်စီးသွားတယ်၊ ကျွန်တော်အိပ်နေတဲ့အခန်းထဲကမှန်ကွဲပြီး ခေါင်းအုံးနားလေးနဲ့ ခြင်ထောင်ပေါ်ကျလို့တော်သေးတယ် လူတော့ဘာမှဖြစ်မသွားဘူး” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည် ၈ လုံးသည် ကန်ပက်လက်မြို့ လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးခြံဝန်းနှင့် ကပ်လျှက် နေအိမ်များကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များမှ ဖော်ပြသည်။

ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ယူဆရပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ CDF မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။Credit: Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*